September 27, 2011

မိုး နှင့် မြက်ဖျား




" မိုး နှင့် မြက်ဖျား "


စွတ်စို တစ်စ ..
သည်းကာကျ ..
မိုးမင်း သွန်းချ ရွာတယ်ကို .....

တစ်ပေါက် ရွှဲစို ..
မိုးပွင့်ပျို ..
လေဟုန် စီးလို့  ဆင်းတယ်ကို .....

မြေပြင်တလင်း ..
မြက်တစ်ခင်း ..
မျှော်ရင်း မိုးသို့  ကြိုတယ်ကို .....

တစ်ပင် ထိပ်ဖျား ..
တွဲခိုထား ..
တစ်စက် မိုးပွင့် နားတယ်ကို .....

ကောင်းကင် မြေပြင် ..
ခရီးစဉ် ..
ဝေးလွန်းစွလျှင် ဝေးတယ်ကို .....

တစ်ပေါက် မိုးစက် ..
တစ်ပင်မြက် ..
ဖူးစာဖက်ဖို့  ခက်တယ်ကို .....

ဖြစ်နိုင်ခဲလျှင် ..
နှောင်ကြိုးငင် ..
ရှေးရေစက်ပင် ဖြစ်မည်ကို .....

လမင်းမိုမို

7 comments:

မကြီးရေ..

အလည်လာခဲ့ ပါသည်..အရမ်းချစ်ပါသည်

ထား

မဂျီး ..
<3 u
ေ၇ွှကတစ်

i just found out that you have your own blog..I'm like Yayyyyy I can now read your short/long story, articles, poems, etc....I love it. thank you so much ma gyi.

ချစ်ဖို့ကောင်းလိုက်တဲ့ ကဗျာလေးး
ကိုယ်တိုင် မရေးတတ်ပေမဲ့ ကဗျာတွေကို သိပ်သဘောကျတာဘဲ
ကျောင်းတက်တုန်းကတည်းက ကဗျာတွေဆို အလွတ်ရအောင် ကျက်ခဲ့တတ်တာ..အသံထွက်ပြီး ကဗျာရွတ်ရတာ ဘယ်လိုအရသာရှိမှန်းမသိဘူးနော်
ခုခေတ်ပေါ်ကဗျာတွေတော့ နည်းနည်း နားဝေးမိတယ်

မမို
ဟိုးတုန်းကတည်းက ကြိုက်ခဲ့တာ စာပေလုပ်သား cover မှာပါကတည်းက
ချစ်စရာကောင်းလိုက်တဲ့အစ်မကြီးလို့ ။ မ ရဲ့အရေးအသားတွေ နာမည်လှလှ
လေးတွေ ဇာတ်ကောင်တွေရဲ့ စိတ်နေစိတ်ထား အယူအဆလေးတွေ အားလုံး
ကို နှစ်သက် အတုယူခဲ့ရတာပါ။ အခု ချစ်စရာကောင်တဲ့ ကဗျာလေးကို ဖတ်ခွင့်ရလို့ ကျေးဇူးတင်ပါတယ်။
p.s. ဟိုးတုန်းကစာအုပ်တွေကိုလည်း ဖြစ်နိုင်ရင် ပြန်ဖတ်ခွင့်ရချင်ပါသေးတယ်

Twitter Delicious Facebook Digg Stumbleupon Favorites More