February 24, 2012

" မ "



.....

ပိန္လ်လ် ခန္ဓာကိုယ် .. ၀င်းဝါဖျော့တော့တဲ့ အသားရောင် .. ။ ကျောလယ်လောက်
ဆံနွယ်ဝေ့၀ဲဝဲများ .. ။ ခက်ထန်တင်းမာပြီး နာကျင်နေတဲ့ ဒါဏ်ရာရနေတဲ့မျက်နှာ .. ။ 
မျက်ရည်ပြည့်လျှမ်းကာ နီမြန်းနေတဲ့ကြားက..မီးလျှံတွေထွက်ကျမလို ပူပြင်းလောင်ကျွမ်း
နေတဲ့ မျက်ဝန်းများ .. ။ တစ်ခုချင်းစီကို အသေးစိတ် ကြည့်မိမြင်မိပြီး ရွှေသွေး သွားတွေကိုတင်းတင်းစေ့ထားမိသည် .. ။ခင်ဗျားက ဘာမို့ လို့ လဲ ..။

( ရွှေသွေးမောင်မောင် )

.....

.....


ရွှေသွေးက စိတ်တိုတိုနှင့် ဇွတ်ပင်ရှေ့ ဆက်တိုးပြီး လှေကားထစ်ကိုတက်လိုက်ပါသည် .. ။
သူမ နားကပ်မိလျှင် လှေကားလက်ရန်းကိုကိုင်ထားတဲ့ သူမ လက်တစ်ဖက်ကို ဖျတ်ကနဲ
တွန်းဖြုတ်ပစ်ကာ ဘေးကကျော်အဖြတ် ပြုတ်သွားတဲ့ထိုလက်က ရွှေသွေးရဲ့ ရှပ်အကျီ င်္စကို
တင်းကျပ်စွာ ဖျတ်ကနဲ ဆုပ်ကိုင်လာလေသည် ..။

" ဟာ .. ကျွတ် .. "

ရွှေသွေးက သူမ လက်ထဲမှ သူ့ အကျီ င်္စကို အတင်းလက်နှင့်ဖြေထုတ်ကာ သူ့ ဖက်
ယိုင်လာသယောင်ရှိတဲ့ သူမ ခန္ဓာကိုယ်ကို သူ့ ပုခုန်းစွန်းနှင့် ဆောင့်တိုက်မိတဲ့အထိ
ဇွတ်တက်လာခဲ့ပါသည် ..။ သူကအတက် သူမ က ရုတ်တရက်လဲပြိုကာ လှေကားထစ်မှ
ဒလိမ့်ခေါက်ကွေးကျသွားလေသည် ..။ လန့် ပြီးလှည့်ကြည့်လိုက်မိပြီးမှ ကွေ့ ချိုး
သံမံတလင်းမှာစောင်းခွေခွေ ခပ်မှီမှီနှင့် သူ့ ထံမျက်လုံးဝိုင်းပြီးမော့ကြည့်နေတဲ့ သူမ 
မျက်နှာကို ဖျတ်ကနဲ ပြန်လွှဲပစ်လိုက်သည် ..။

ကောင်းတယ် .. မှတ်ကရော ..
သူမ လိမ့်ကျတာ ငါးထစ်ထည်းရယ်ပါ ..သူ့ ကိုတွန်းချခဲ့တုန်းက ဆယ်ထစ်လေ ..။

( ရွှေသွေးမောင်မောင် )

.....

.....

သူ့ ကိုမုန်းတီးရခြင်းဟာ မ , ရဲ့ တစ်နေ့ တာဆောင်ရွက်ဖွယ်တာဝန်များကြားမှာ ..
နာရီတော်တော်များများ၌ မပါမဖြစ် ရောနှောနေရာယူထားပါသည် ..။
လူတစ်ယောက်အပေါ် ချစ်ရခြင်းသည်သာမဟုတ် မုန်းရခြင်းသည်လည်းပဲ
နှောင်ဖွဲ့ ခြင်းတစ်မျိုးနှင့်လူကိုရစ်ပတ်ထားတာပဲ ..။ အာရုံတွေကို ခိုးယူခံထားရခြင်း
တစ်မျိုးပဲ ..။မုန်းရတာက ပိုပြီးပင်ပန်းတယ် မ , ထင်သည် ..။ တခါတရံ သူ့ ကိုဘယ်လို
တုန့် ပြန်လိုက်မလဲ ..ဘယ်လိုနာအောင်ပြောလိုက်မလဲတွေ သတိလက်လွတ် စကားလုံး
ရွေးချယ် စီကာစဉ်ကာနေမိသည် ..။

ကိုယ့်ကိုကိုယ်သတိထားမိတဲ့အခါ လှိုင်းထန်နေတဲ့ နာကျင်မုန်းတီးခြင်းထဲ အပန်းတကြီး
ဟောဟဲဆိုက်နေတဲ့ ကိုယ့်ကိုကိုယ် ပြန်လည်ဖွေရှာတွေ့ မိလျှင် ..
မ , က မိမိကိုယ်ကို အံ့ အားသင့်လို့ မဆုံးပေ .. ။

( မ )

.....

.....

" .. သူထိုင်ရှိခိုးလည်း ပျက်စီးသွားတဲ့အရာတစ်ခုက မ , ခန္ဓာကိုယ်ထဲအကောင်းတိုင်း
ပြန်လည်တည်ရှိ လာနိုင်မှာမှမဟုတ်တာ .. သူ့ ကို ရှိခိုးခွင့်လည်းမပေးနိုင်ဘူး ..
တောင်းပန်ခွင့်လည်းမပေးနိုင်ဘူး .. တစ်နည်းနည်းတောင်းပန်ခွင့်ရလိုက်ရင် 
သူ့ ရင်ထဲမှာပေါ့သွားမယ် .. သူ့ ဖက်က အမှားတစ်ခုကို တောင်းပန်လိုက်ရပြီးပြီပဲ 
ဆိုတဲ့ စိတ်သက်သာရာမျိုး ရသွားမယ် .. အဲဒါကို သူ အရမခံနိုင်ဘူး ..
သူစိတ်ပေါ့ပါးသွားမှာကိုလည်း ကြည်ဖြူနိုင်တဲ့ စိတ်ကောင်း မ , မှာမရှိဘူး ..

သူ တစ်သက်လုံး မတောင်းပန်ရဘူး .. တောင်းပန်ခွင့် မရတော့ဘူး .. သူသေတဲ့အထိ 
သူဟာ မိန်းမတစ်ယောက်ကို " ......... " တဲ့ အထိ ရက်ရက်စက်စက် အကြင်နာ
ကင်းမဲ့စွာ အငြိုးတကြီး ဆက်ဆံခဲ့မိတယ်ဆိုတဲ့ ယူကြုံးမရစိတ် ခံစားသွားရမယ် ..

ဒီစိတ်နဲ့ ပဲ သူသေရမယ် .. နဲနဲကလေးတောင် သူ့ အပြစ်မကျေစေရဘူး .. စိတ်သက်သာရာ
မရစေရဘူး .. တောင်းပန်ချင်တဲ့ သူ့ ဆန္ဒ ဘယ်တော့မှ မပြည့်ဝစေရဘူး .. .. "

( မ )

.....

.....


" .. နင့်စကားကို ခုလောက်ထိ ရပ်နားထောင်လိုက်ရတာတောင် ငါ့နားနှစ်ဖက် 
ဘယ်လောက် ငရဲကျနေပြီလဲ နားလည်ရဲ့ လား .. နင့်ကိုမြင်နေရတဲ့ ငါ့မျက်လုံးနှစ်လုံး
ကိုတောင် သတ္တိရှိရင် .. ငါဖောက်ထုတ်လိုက်ချင်သေးတယ် ..
အနားမှာနင်ရှိနေတာ ငါပူလောင်လွန်းလို့ ပါ ရွှေသွေးမောင်မောင် .. .. "

( မ )

.....

.....


" .. ရွှေသွေးက စိတ်ပျော့တယ် .. သနားတတ်တယ် .. သူ့ မျက်စေ့ရှေ့ မှောက်မှာ
မိုင်းနပ်စ်တွေချည်းအမြဲဖြစ်နေတဲ့ မိန်းမတစ်ယောက်ကို သူဂရုဏာသက် သနားကြင်နာပြီး
ပေါက်ဖွားလာတဲ့ စိတ်ဝင်စားမှုဟာ စိတ်ကောင်းရှိတဲ့လူတစ်ယောက်ရဲ့  ကိုယ်ချင်းစာမှု
မျှသာပါပဲ ဆိုတာ မကြာခင်အချိန်မှာ သူလည်း သိသွားမှာပါ .. အဲဒါ အချစ်မဟုတ်ဘူးဆိုတာလေ .. "

( ရွှေသွေးမောင်မောင် အမေ )

.....

.....


သူ့ ဘ၀မှာ မမြင်ချင်၍ မုန်းနေရတဲ့လူတစ်ယောက်ရှိနေတာက အထီးမကျန်သလို
ခံစားရစေသည်ကို မ , တအံ့ တသြသဘောပေါက်စပြုလေသည် .. ။


လုံးဝအထီးကျန်ဆန်လှတဲ့ မ , ရဲ့ ဘ၀မှာ ချစ်စရာလူရယ်လို့ သေချာရှိမနေသော်လည်း
မုန်းစရာလူတစ်ယောက် ရှိနေသေးတာကိုက ကိုယ်ဟာ တစ်ယောက်ထည်းမဟုတ်ပါလား
လို့  .. ဘ၀င်ကျနိုင်တဲ့ခံစားချက်ကို ရနေစေခဲ့တာပါလား .. ။

သူ့ ကိုတွေ့ လျှင် မ , သွေးတို့  ဆူပွက်သည် ..။ မ , မုန်းတီးနာကျည်းသည် ..။
ဒေါသတစိမ့်စိမ့်ထွက်သည် ..။ ဤခံစားချက်တို့ က မ , ကိုလူသားဆန်စေသည် .. ။

( မ )

.....

.....


" .. မ , အမုန်းက ကျွန်တော့အတွက် ရေလို လေလို ကျွန်တော်နဲ့ ထိတွေ့ ယဉ်ပါးနေတဲ့
ကျွန်တော်အလိုအပ်ဆုံး အရာတစ်ခုဖြစ်နေပြီ ..။ မုန်းပါ မ , .. မ , ကြိုက်သလောက် 
မုန်းတော့ .. မ , မုန်းလေ ..ကျွန်တော်က ချစ်လေ .. မ , အချစ်ကိုမရရင်တောင် မ , ဆီက အမုန်းပဲဖြစ်ဖြစ် တစ်ခုခုတော့ ရယူနေပါရစေ .. မ , ရဲ့ အငွေ့ အသက်မရှိပဲ ကျွန်တော် မရှင်သန်နိုင်တော့လို့ ပါ .. "

( ရွှေသွေးမောင်မောင် )

.....

.....


အချစ်ဆိုတာဟာလည်းသံယောဇဉ်တစ်ခုဖြစ်သလို အမုန်းဆိုတာဟာလည်း သံယောဇဉ်တစ်ခုပါပဲ .. ချစ်လို့ ဖြစ်စေ မုန်းလို့ ဖြစ်စေ ဘာကြောင့်ပဲဖြစ်စေ ..
ကိုယ့်ရင်ထဲ ကိုယ့်စိတ်အတွေးထဲ .. ကိုယ့်အာရုံထဲ ..သူအမြဲရှိနေတော့တာဟာ ချည်နှောင်ခံရခြင်းတစ်မျိုးပဲပေါ့ .. ။ အဲဒီချည်နှောင်မှုကို အတိုင်းအတာကာလ တစ်ခု
အထိ ခံယူရပြီးတဲ့အခါ ကိုယ်တိုင်မဖြေလျှော့ချင်မရုန်းဖယ်ချင်ပဲ အဲဒီချည်နှောင်ခံရမှုထဲမှာ
ပျော်ပိုက်သွားနိုင်သေးတာ .. ။

အချစ်ဆိုတာနဲ့  အမုန်းဆိုတာကလည်း ဖျတ်ကနဲ အလွယ်တကူအက်ကြေနိုင်တဲ့ အလွှာပါးပါးကလေးတစ်ခုထည်းပဲကြားခံရှိတာလို့  မ , ခံယူတယ် .. အမုန်းရဲ့ တဆုံးကို အင်အားပြင်းပြင်းတိုးဝင်သွားမိရင် အဲဒီ မချစ်မမုန်းအလွှာပါးကလေးကို အရှိန်နဲ့ တိုးတိုက်မိမှာအမှန်ပဲ ..။ အဲဒီအခါ ဟိုတစ်ဖက်က .. အချစ် ဆိုတဲ့
နယ်မြေသစ်ထဲ ကျွံနစ်သွားမိမှာ မ , အကြောက်ဆုံးပဲ ရွှေသွေးမောင်မောင် .. ..။

( မ )

.....

.....



" .. ကျွန်တော်သိပါတယ် မ , .. ကျွန်တော်ဆိုလိုတာက မ , ဒီလောက်တောင် မကြည့်ချင်တဲ့မျက်နှာဆိုရင်နောက် မ , မမြင်စေရပါဘူး .. ကျွန်တော်ကတိပေးပါတယ် .. ။ 
မ , အတည်တကျ ငြိမ်သက်အဆင်ပြေ ပျော်ရွှင်နေတာပဲ ကျွန်တော် မြင်ချင်တာပါ .. ။
မ , ကိုကျွန်တော်ချစ်မိတာ .. မ , နောက်ကိုလိုက်နေမိတာ တွေကလည်း မ , ကို
ပျော်ရွှင်လာအောင် ကျွန်တော်ထားပေးချင်လို့ ပါ .. ။ ကျွန်တော့အချစ်နဲ့  မ , ဘဝ
တစ်ခုလုံးကို အလှပဆုံးလေး .. ကျွန်တော်ပြန်တည်ဆောက်ပေးချင်ခဲ့တာပါ .. ။

ဒါ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့  မ , တကယ်သေချာနေတယ်ဆိုရင် ကျွန်တော်ပဲ ထွက်သွားပေးမှာပါ ..မ , ထွက်မသွားရပါဘူး မ , .. မ , တည်ငြိမ်နေပါ .. လွင့်သွားစရာရှိရင် ကျွန်တော်လွင့်သွားပါ့မယ် မ , ရယ် .. "

(ရွှေသွေးမောင်မောင် )

.....

.....



" .. နောက်ကားမှာ ကျမကို အရူးအမူးချစ်နေတဲ့ ကောင်ကလေးတစ်ယောက် ပါလာလို့ ပါ ..
သူက နှလုံးခွဲစိတ်ထားတာ ရက်ပိုင်းပဲ ရှိသေးတာပါ .. သူဆက်မလိုက်နိုင်အောင် တားဖို့  ..
ကား ခနလေး ရပ်ပေးပါ ..
ကား ခနလေး ရပ်ပေးပါ .. " ..

( မ )

.....

.....

.....



( မတ်လ စာမေးပွဲများအပြီးမှာ ထွက်လာမယ့် .. ကျမရဲ့ " မ " ဆိုတဲ့ ၀တ္ထုထဲက
ကောက်နှုတ်ချက်လေးတွေ တချို့  အမြည်းသဘော တင်ပေးလိုက်တာပါ ..
ဒီစာအုပ်ကို အခြားသော စာအုပ်များထက် ပိုပြီးအချိန်ပေးရေးခဲ့ပါတယ် ..
ဇာတ်လမ်းထဲက မ နဲ့  ရွှေသွေးမောင်မောင်ကို ဘယ်တစ်ယောက်ကိုမှ စာဖတ်သူတွေ
မမုန်းစေချင်တဲ့ဆန္ဒကြောင့် တစ်ဖက်စောင်းနင်းမဖြစ်ရအောင်တတ်နိုင်သလောက်
ကြိုးစားရေးခဲ့ပါတယ် ..)

.....

.....



.....



.....





လမင်းမိုမို ၏ အသစ်စက်စက်လုံးချင်းဝတ္ထု





8 comments:

စိတ်ဝင်စားစရာဇာတ်လမ်းလေးဘဲ... ရန်ကုန်ပြန်မှ ဝယ်ဖတ်ရမယ်...း))

မ၀ယ်မဖြစ် အမြဲပြန်ဖတ်နိုင်အောင် ၀ယ်ထားရမဲ့ " မ " ပါပဲ

ဖတ်ပြီး သွါးပါပြီ .at the end of the novel i got shock .. it make me fell .. it make me sick ma la min momo .. it is a great novel .. i really like that ..

အရမ်းကြိုက်တယ်.. အရမ်းခံစားရပါတယ်.. ခုနောက်ပိုင်းစာအုပ်တွေထဲမှာ အကြိုက်ဆုံးပဲ.. ဆရာမ က ကျမအကြိုက်ဆုံးစာရေးဆရာပါ.. သဘာဝကျတဲ့ အရေးအသားကြောင့်ကြိုက်တာထင်တယ်..ဒီလို ဇာတ်လမ်းမျိုးလေးတွေ အများကြီးထပ်ရေးပါဦးနော်..

အရမ်းကြိုက်တယ်.. အရမ်းခံစားရပါတယ်.. ခုနောက်ပိုင်းစာအုပ်တွေထဲမှာ အကြိုက်ဆုံးပဲ.. ဆရာမ က ကျမအကြိုက်ဆုံးစာရေးဆရာပါ.. သဘာဝကျတဲ့ အရေးအသားကြောင့်ကြိုက်တာထင်တယ်..ဒီလို ဇာတ်လမ်းမျိုးလေးတွေ အများကြီးထပ်ရေးပါဦးနော်..

မာနသံတွေနဲ့အတူအချစ်ဆိုတဲ့
ခံစားချက်နာကျည်းချက်တွေ
အလွမ်းတွေ
တထွေးကြီးပါလာမှာသေချာနေတယ်..

မင်းသားသေမယ်ဆိုတာကြိုသိနေတော့ဝမ်းနည်းမိတာ
ပေါ့

မမမိုရေ.၀င်းက ဟိုး ငယ်ငယ်လေးကတည်းက မမနဲ့ အန်တီနေနွယ်ဇင်မြင့် ရဲ့ ပရိသတ်ပါ။ သူများတွေ က အချစ်ဝတ္တုတွေ လို့ ဘယ်လောက်ပြောပြော..
အရမ်းအလုပ်တွေများလို့ stress များလာရင် မမမိုရဲ့ မဖတ်ရသေးတဲ့ စာအုပ် (၅)အုပ်လောက် တစ်ထိုင်တည်း ငှားပြီး (၂)ရက်လောက် ဖတ်ပစ်လိုက်ရမှ၊ လူဘ၀နဲ့ နေသားတကျ ဖြစ်သွား
တတ်တယ်။ မမရဲ့ စာအုပ်တွေက တကယ့် အပြင်က စီးပွားရေး၊ပညာရေးတွေပေါ် အခြေခံထားလို့ ကြိုက်လဲ ကြိုက်တယ်။ နောင်လဲ အမြဲအားပေးနေဦးမှာပါ။ အပေါ်က commentမှာ စာအုပ် အဟောင်းတွေ ဆိုလို့ မမရဲ့ မောင် စာအုပ် ကိုတော့ ပြန်ထုတ်သင့်တယ်လို့ထင်တယ်။ ၀င်းရဲ့ တူမလေးတွေ က ရုပ်ရှင်ကြည့်ပြီး
ပြန်ဖတ်ချင်တယ်ဆိုလို့ ရှာတာ လုံးဝ ရှာမတွေ့ဘူး မမရဲ့။ အခုထက်ထိ စာအုပ်ဆိုင်၊ အအေးဆိုင်နဲ့
ထောပတ်သီးဖျော်ရည်နဲ့ နေဗလရဲ့ chain store တွေက ၀င်းကို ဖမ်းစားမြဲ ဖမ်းစားတုန်းမို့ ကလေးတွေကိုလည်း အရသာတွေ့စေချင်လို့ပါ။ မမကိုချစ်တဲ့ ၀င်းဝင်း
အန်တီလဲ စာအုပ်အသစ်ထွက်တာ မတွေ့မိဘူး..နေကောင်းပါစေ၊ စာတွေလဲ အများကြီးရေးနိုင်ပါစေလို့..ပြောပေးပါဦး..

Twitter Delicious Facebook Digg Stumbleupon Favorites More