February 24, 2012

" မ "

.....ပိန္လ်လ် ခန္ဓာကိုယ် .. ၀င်းဝါဖျော့တော့တဲ့ အသားရောင် .. ။ ကျောလယ်လောက်ဆံနွယ်ဝေ့၀ဲဝဲများ .. ။ ခက်ထန်တင်းမာပြီး နာကျင်နေတဲ့ ဒါဏ်ရာရနေတဲ့မျက်နှာ .. ။ မျက်ရည်ပြည့်လျှမ်းကာ နီမြန်းနေတဲ့ကြားက..မီးလျှံတွေထွက်ကျမလို ပူပြင်းလောင်ကျွမ်းနေတဲ့ မျက်ဝန်းများ .. ။ တစ်ခုချင်းစီကို အသေးစိတ် ကြည့်မိမြင်မိပြီး ရွှေသွေး သွားတွေကိုတင်းတင်းစေ့ထားမိသည် .. ။ခင်ဗျားက...

February 13, 2012

" Good Bye Whitney "

Sketch Artist - La Min Mo Mo ခဲပန်းချီ - လမင်းမိုမို    ...

October 17, 2011

ကိုယ်ချင်းစာ

" ကိုယ်ချင်းစာ" တကယ်တော့  .. ရခဲ့သမျှ အစစအရာရာတိုင်းဟာ  .. ကျေနပ်လောက်အောင် ပြီးပြည့်စုံတာတော့ မဟုတ်ခဲ့ဘူး  .. ဒါပေမယ့် ရသလောက်ကို ကိုယ်အမြဲပဲ တန်ဖိုးထားခဲ့တာပါ  ..။ တကယ်တော့ .. ကိုယ်ပေးခဲ့တာနဲ့  ကိုယ်ပြန်ရခဲ့တာဟာ  .. တိုင်းဆ နှိုင်းယှဉ်လို့ ရနိုင်စရာ မဟုတ်ခဲ့ဘူး  .. အတုံ့ အပြန်ကို မမျှော်လင့်လို့ သာ ရေငုံနှုတ်ပိတ်နေခဲ့တာပါ...

October 9, 2011

လမင်းမိုမို ရဲ့ Steve Jobs

Please click on photo to ENLARGE! Steven Paul "Steve" Jobs (February 24, 1955 – October 5, 2011) Sketch Artist - La Min Mo Mo ခဲပန်းချီ - လမင်းမိုမို In Memories of Steve Jobs - BY - Author & Sketch Artist La Min Mo Mo (Myanmar) စာရေးဆရာ၊  ပန်းချီဆရာ မ လမင်းမိုမို မှ ကွယ်လွန်သူ Steve Jobs အတွက် အမှတ်တရ ရေးဆွဲ...

September 27, 2011

မိုး နှင့် မြက်ဖျား

" မိုး နှင့် မြက်ဖျား " စွတ်စို တစ်စ .. သည်းကာကျ .. မိုးမင်း သွန်းချ ရွာတယ်ကို ..... တစ်ပေါက် ရွှဲစို .. မိုးပွင့်ပျို .. လေဟုန် စီးလို့  ဆင်းတယ်ကို ..... မြေပြင်တလင်း .. မြက်တစ်ခင်း .. မျှော်ရင်း မိုးသို့  ကြိုတယ်ကို ..... တစ်ပင် ထိပ်ဖျား .. တွဲခိုထား .. တစ်စက် မိုးပွင့် နားတယ်ကို ..... ကောင်းကင် မြေပြင် .. ခရီးစဉ် .. ဝေးလွန်းစွလျှင် ဝေးတယ်ကို...

ကျမ ရဲ့ အတ္တ

လွန်ခဲ့တဲ့  အနှစ် ၃၀ ကျော်.. ကျမ ၈ တန်းတက်နေတဲ့ အချိန်ပေါ့ ။ အတန်းထဲမှာ ၀တ္ထုတိုတွေ စာကြောင်တွေပဲ ခိုးရေးနေရင်း ..အမှတ်တွေကျ အဆင့်တွေကျ ..။ ကျောင်းစာအုပ် အလယ်သားတွေ ဖြုတ်ရေးပါများလို့ ချောင်နေတဲ့အခါ ဆရာမဆူတာခံရ.. အမေဆူတာခံရ.. ။ ဒီပုံ ဒီအချိုးနဲ့  ဆယ်တန်းနှစ်ချင်းပေါက်ပါ့မလား ..လို့  ဆရာမတွေက ကျောင်းသူ အပေအတေ တစ်ယောက်လိုမေးတာခံရ..။  " ဒါဘာတွေရေးထားတာလဲ...

July 30, 2011

ကျမ ရဲ့ အဖွား

မနေ့ ည က မမျှော်လင့်ပဲ ဖွားဖွားကို အိပ်မက်မက်ပါတယ် .. အရမ်းသတိရနေတာမျိုး မရှိပဲနဲ့  အိပ်မက်မက်တော့မှ  ဖွားကို သိပ်အောက်မေ့သွားခဲ့မိတယ် .. ။ ဖွားဆုံးတာ နှစ်လေးဆယ်နီးပါးတောင်ရှိပြီ .. ။ ကျမ အသက် ၆ နှစ်ထိပဲ ဖွားနဲ့  နေလိုက်ရပေမယ့် တွေးလိုက်တိုင်း အဖြစ်အပျက်လေးတွေကို မမေ့မလျော့ မှတ်မိ အောက်မေ့နေတာ .. ကျမ မွေးကထဲကနေ ဖွား ဆုံးတဲ့အချိန်ထိ ..ကျမက...

July 10, 2011

မိုက်မဲခဲ့သူ

" မိုက်မဲခဲ့သူ " ကိုယ်ဘာတခုမှ ပြန်ရစရာ မရှိတဲ့ .. ရင်းနှီး မြှုပ်နှံမှု တခုကို .. စိတ်အားထက်သန်စွာ ..ကိုယ်ပြုခဲ့မိ ........... တွက်ကြည့်တိုင်းလည်း အရှူံးချည်းပါပဲ .. သဲသဲကွဲကွဲ အကျိုးအမြတ် ဆိုလို့  .. ကိုယ့် နံနက်ခင်းတိုင်းမှာ နှမြော တသ ရတဲ့ .. အိပ်မက်တချို့ သာ ရှိ ............. စိတ်ကူးကို လက်တွေ့ နဲ့ စားလိုက်တိုင်း .. အဖြေထွက်တဲ့ ဂဏန်းကြီးကြီးဟာ...

March 27, 2011

မရိုးသားသူပါ

ဒီကဗျာလေးက ကျမ အသက် ၂၀ ကျော်ကာစ ၁၉၈၇ ဇန်န၀ါရီလ က ရေးခဲ့တဲ့ ကဗျာလေးပါ ..။ မှတ်စုစာအုပ်ဟောင်း တစ်အုပ်ထဲမှာ ပြန်ရှာတွေ့ တော့ ခလေးအတွေး ခလေးခံစားချက်ကလေးကို ပြန်ပြီးဆန်းသစ်ဝေမျှချင်မိတာနဲ့ ပြန်ကူးတင်ပေးလိုက်ပါတယ် ..။ " မရိုးသားသူပါ " တကယ်တော့ .. ငါက မရိုးသားသူပါ ...။ ငါ့ကိုမညာပါနဲ့  တဖွဖွပြောတဲ့မင်းကို အကြိမ်ကြိမ်အခါခါ ညာ .. လိမ်လိမ်မာမာညာ .. နှိုက်နှိုက်နှဲနှဲညာ...

Page 1 of 3123Next
Twitter Delicious Facebook Digg Stumbleupon Favorites More